Available courses

! Welcome to Frontiir’s Learning Management System !

! Welcome to Frontiir’s Learning Management System !

Frontiir  Learning Management System (LMS) မှ ကြိုဆိုပါသည် - 

Training Support Team အနေဖြင့်ဝန်ထမ်းများ အရည်အချင်းတိုးတက်ပြီး၊ အသိပညာ ဖွံ့ဖြိုးမှုရှိစေရန်နှင့် ပိုမိုကောင်းမွန် သော သင်ယူမှုအတွေ့အကြုံရစေရန် သင်တန်းအမျိုးအမည်အသစ်များ စဉ်ဆက်မပြတ်ထပ်မံ ဖြည့်စွက်ကာ LMS အား အသုံးပြုရလွယ်ကူအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ LMS တွင် ကိုယ်တိုင်ရွေးချယ်သင်ယူနိုင်သော (Self-paced) သင်တန်း (၃၀) ကျော်ရှိပြီး သင်တန်းများကို အောက်ပါ အတိုင်းစနစ်တကျအမျိုးအစားများကိုခွဲခြားသတ်မှတ်ထားပါသည်။

  • OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာ အခြေခံကျွမ်းကျင်မှုသင်တန်း အမျိုးအစားများ" (OFCT) Organizational Function Competency Trainings
  • အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစား များ" (TFCT) Technical Function Competency Trainings  
  • အခြား OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "လုပ်ငန်းလည်ပတ်မှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းအမျိုးအစားများ" (CFCT) Corporate Function Competency Trainings

LMS ပေါ်တွင်လေ့လာသင်ယူမှုပြုလုပ်လိုပါက အောက်ပါ <link> ကိုနှိပ်၍ Google Form ဖြည့်ပြီး မိမိသင်ယူမှု ပြုလုပ်လိုသော သင်တန်းအမည်ကိုဖော်ပြ၍ Access တောင်းယူပါ။ ၄င်းနောက်အဆိုပါဘာသာရပ်ကိုလေ့လာသင်ယူကျက်မှတ်ပြီးသည့်အခါမေးခွန်းများကိုဖြေဆို၍အဆင့်သတ်မှတ်ချက်ရယူနိုင်ပါသည်။ သင်တန်းတစ်ခုချင်းစီ၏အသေးစိတ်အချက်အလက်များကိုကြည့်ရှု၍သင်တန်းတက်ရောက်ရန်စာရင်းပေးသွင်းပါ။

သင်၏အရည်အချင်းတိုးတက်စေရန်အတွက် LMS ပေါ်ရှိသင်တန်းများကိုရွေးချယ်‌လေ့လာသင်ယူရန်ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်

Training Support Team

09969989243

training.support@frontiir.net

(OFCT - 001) Cybersecurity Awareness

(OFCT - 001) Cybersecurity Awareness

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 001) Cybersecurity Awareness

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • ၁) Phishing Mail အလုပ်လုပ်ပုံနှင့် လုံခြုံစွာအသုံးပြုနည်း
  • ၂) Phishing အကြောင်း နှင့် Phishing အမျိုးအစား (၅) မျိုး
  • ၃) Phishing scams များနှင့် တိုက်ခိုက်ခြင်းကိုကာကွယ်နည်း
  • ၄) အင်တာနက်လုံခြုံရေးအသိစိတ်နိုးကြားခြင်း
  • ၅) Email Phishing အကြောင်း နှင့် Phishing Mail နမူနာများ
  • ၆) Link များအကြောင်း နှင့် Link အမျိုးအစားများ
  • ၇) စကားဝှက်များကို ခိုင်ခံ့အောင်ပြုလုပ်နည်းနှင့် စကားဝှက်သတ်မှတ်ရန်အလွယ်ကူဆုံးနှင့်အခြေခံအကျဆုံးနည်းလမ်းများ 

 (၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ကုမ္ပဏီ Email အသုံးပြုအလုပ်လုပ်ကိုင်နေကြသူများ နှင့် အင်တာနက်လုံခြုံရေးအကြောင်းလေ့လာလိုသူများ

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • Phishing တိုက်ခိုက်မှုများ၏ အမျိုးအစားများကိုခွဲခြားသိရှိနိုင်ပြီး၊ ရှောင်ရှားနည်းများကိုကောင်းစွာနားလည်နိုင်မည်။
  • အင်တာနက်လုံခြုံရေးအခြေခံအလေ့အကျင့်များ (Email ကိုဘေးကင်းစွာအသုံးပြုနည်း၊ စကားဝှက်ခိုင်ခံ့စွာပြုလုပ်နည်း)ကို သိရှိနိုင်မည်။

(OFCT - 003) Excel Course - Elementary Level
Kyaw Lin Aung Zx@ark

(OFCT - 003) Excel Course - Elementary Level

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 003) Excel Course - Elementary Level

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • ၁) COUNT, SUM, AVERAGE, IF ကဲ့သို့သော အခြေခံ Formula နှင့် Function များ။
  • ၂) Cell Referencing ဟုခေါ်သော Cell များကို ကိုးကားအသုံးပြုနည်း။
  • ၃) Round Function အသုံးပြုတွက်ချက်နည်း။
  • ၄) Pivot Table & Slicers များသုံး၍ Data များကို စုစည်းဖော်ပြခြင်းနှင့်စိစစ်ခြင်း။
  • ၅) VLOOKUP နှင့် HLOOKUP Functions များသုံး၍ Data များ ရှာဖွေခြင်းနှင့် ချိတ်ဆက်အသုံးပြုခြင်း။

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဤသင်တန်းသည် Data စုဆောင်းခြင်း၊ Data စီစဉ်သိမ်းဆည်းခြင်း၊ Data ဆန်းစစ်ခြင်း၊ Data အနက်ဖွင့်ဆိုခြင်းစသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရသော (OU-1) အသီးသီးမှ ဝန်ထမ်းများအတွက်ရည်ရွယ်သည်။
  • မှန်ကန်တိကျသော Report များပြုစု၍ နှင့် Data အပေါ်အခြေခံဆုံးဖြတ်ချက်များချမှတ်ရာတွင်အထောက်အပံ့ပြုလိုသော Data ကိုင်တွယ်နိုင်စွမ်းရရှိလိုသည့်ဝန်ထမ်းများအတွက် သင့်လျော်ပါသည်။ 

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • Excel နှင့် Google Sheet များ၏ အခြေခံလုပ်ဆောင်ချက်များကို အသုံးပြု၍ Data များကို ထိရောက်စွာ စုစည်းထားသိုနိုင်စွမ်း၊ ရှင်းလင်းသိမ်းဆည်းနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း နှင့် ဆန်းစစ်နိုင်စွမ်းတိုးတက်စေခြင်း။
  • Report များ တိကျမှန်ကန်မှု မြင့်တက်လာစေရန် နှင့် Data အပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာစေရန် Data များကို စနစ်တကျဖွဲ့စည်းနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးခြင်း။

(OFCT - 004) Excel Course - Intermediate Level

(OFCT - 004) Excel Course - Intermediate Level

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 004) Excel Course - Intermediate Level

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • ၁) COUNT, SUM, AVERAGE, IF ကဲ့သို့သော အခြေခံ Formula နှင့် Function များ။
  • ၂) Cell Referencing ဟုခေါ်သော Cell များကို ကိုးကားအသုံးပြုနည်း။
  • ၃) Round Function အသုံးပြုတွက်ချက်နည်း။
  • ၄) Pivot Table & Slicers များသုံး၍ Data များကို စုစည်းဖော်ပြခြင်းနှင့်စိစစ်ခြင်း။
  • ၅) VLOOKUP နှင့် HLOOKUP Functions များသုံး၍ Data များ ရှာဖွေခြင်းနှင့် ချိတ်ဆက်အသုံးပြုခြင်း။
  • ၆) Data များ၏ ဖွဲ့စည်းတည်ဆောက်ပုံသဘောသဘာဝ။
  • ၇) Google Sheet တွင် Data များကို စုစည်းထားသိုခြင်းနှင့် ရှင်းလင်းသိမ်းဆည်းခြင်း။
  • ၈) Data များသုံး၍ Report များပြုလုပ်ရာတွင် အသုံးဝင်သော ဖော်မြူလာများ။

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဤသင်တန်းသည် Data စုဆောင်းခြင်း၊ Data စီစဉ်သိမ်းဆည်းခြင်း၊ Data ဆန်းစစ်ခြင်း၊ Data အနက်ဖွင့်ဆိုခြင်းစသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရသော (OU-1) အသီးသီးမှ ဝန်ထမ်းများအတွက်ရည်ရွယ်သည်။
  • မှန်ကန်တိကျသော Report များပြုစု၍ နှင့် Data အပေါ်အခြေခံဆုံးဖြတ်ချက်များချမှတ်ရာတွင်အထောက်အပံ့ပြုလိုသော Data ကိုင်တွယ်နိုင်စွမ်းရရှိလိုသည့်ဝန်ထမ်းများအတွက် သင့်လျော်ပါသည်။ 

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • Excel နှင့် Google Sheet များ၏ အခြေခံလုပ်ဆောင်ချက်များကို အသုံးပြု၍ Data များကို ထိရောက်စွာ စုစည်းထားသိုနိုင်စွမ်း၊ ရှင်းလင်းသိမ်းဆည်းနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း နှင့် ဆန်းစစ်နိုင်စွမ်းတိုးတက်စေခြင်း။
  • Report များ တိကျမှန်ကန်မှု မြင့်တက်လာစေရန် နှင့် Data အပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာစေရန် Data များကို စနစ်တကျဖွဲ့စည်းနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးခြင်း။

(OFCT - 005) Excel Course - Advanced Level
Tun Aung

(OFCT - 005) Excel Course - Advanced Level

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 005) Excel Course - Advanced Level

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) Data များ၏ ဖွဲ့စည်းတည်ဆောက်ပုံသဘောသဘာဝ။
  • ၂) Google Sheet တွင် Data များကို စုစည်းထားသိုခြင်းနှင့် ရှင်းလင်းသိမ်းဆည်းခြင်း။
  • ၃) Data များသုံး၍ Report များပြုလုပ်ရာတွင် အသုံးဝင်သော ဖော်မြူလာများ။

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဤသင်တန်းသည် Data စုဆောင်းခြင်း၊ Data စီစဉ်သိမ်းဆည်းခြင်း၊ Data ဆန်းစစ်ခြင်း၊ Data အနက်ဖွင့်ဆိုခြင်းစသည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရသော (OU-1) အသီးသီးမှ ဝန်ထမ်းများအတွက်ရည်ရွယ်သည်။
  • မှန်ကန်တိကျသော Report များပြုစု၍ နှင့် Data အပေါ်အခြေခံဆုံးဖြတ်ချက်များချမှတ်ရာတွင်အထောက်အပံ့ပြုလိုသော Data ကိုင်တွယ်နိုင်စွမ်းရရှိလိုသည့်ဝန်ထမ်းများအတွက် သင့်လျော်ပါသည်။ 

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • Excel နှင့် Google Sheet များ၏ အခြေခံလုပ်ဆောင်ချက်များကို အသုံးပြု၍ Data များကို ထိရောက်စွာ စုစည်းထားသိုနိုင်စွမ်း၊ ရှင်းလင်းသိမ်းဆည်းနိုင်စွမ်း၊ စီမံခန့်ခွဲနိုင်စွမ်း နှင့် ဆန်းစစ်နိုင်စွမ်းတိုးတက်စေခြင်း။
  • Report များ တိကျမှန်ကန်မှု မြင့်တက်လာစေရန် နှင့် Data အပေါ်အခြေခံသော ဆုံးဖြတ်ချက်များ ပိုမိုခိုင်မာစေရန် Data များကို စနစ်တကျဖွဲ့စည်းနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးခြင်း။

(OFCT - 006) Trouble Shootings in Computers

(OFCT - 006) Trouble Shootings in Computers

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 006) Trouble Shootings in Computers

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • ၁) ကွန်ပြူတာ/Laptop ဟမ်းနေသည့် ပြဿနာများကိုဖြေရှင်းနည်းများ။
  • ၂) WiFi Adapter တွင်ကြုံတွေ့ရသောပြဿနာများကိုဖြေရှင်းနည်းများ။

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - ဝန်ထမ်းအသစ်များ၊ စိတ်ပါဝင်စားသောဝန်ထမ်းများနှင့် လုပ်ငန်းဆက်နွယ်မှုရှိသော (OU-1) များမှဝန်ထမ်းများ။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ၁) နည်းပညာဆိုင်ရာပြဿနာဖြေရှင်းနိုင်စွမ်းမြှင့်တင်ခြင်း - Laptop စနစ်နှေးကွေးမှု၊ Wi-Fi ချိတ်ဆက်မှုပြဿနာများကို ကိုယ်တိုင်စစ်ဆေးပြီး အချိန်မီဖြေရှင်းနိုင်မည်ဖြစ်ကာ IT team ၏ ပံ့ပိုးမှုအပေါ် မှီခိုမှုလျှော့ချနိုင်မည်။
  • ၂) လုပ်ငန်းလည်ပတ်ခြင်း၏ထိရောက်မှုမြင့်တက်ခြင်း - Computer များ၏ စွမ်းဆောင်ရည်နှင့် ချိတ်ဆက်နိုင်မှုဆိုင်ရာ အရေးပေါ်ပြင်ဆင်နည်းများကို ကျွမ်းကျင်စွာအသုံးချကာ အချိန်လု၍လုပ်ဆောင်ရသောအလုပ်များတွင် ထုတ်လုပ်မှုစွမ်းရည်ကောင်းကိုထိန်းထားနိုင်မည်။

(OFCT - 007) English Language Proficiency Course for Band 1

(OFCT - 007) English Language Proficiency Course for Band 1

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 007) English Language Proficiency Course for Band 1

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်ကြားပို့ချမည့်အကြောင်းအရာများ - 

  •  (1) Basic English for Workplace Interactions
  •  (2) Everyday Conversations in Professional Settings
  •  (3) Writing Emails and Messages in English
  •  (4) English for Clarity and Politeness
  •  (5) Essential Business Vocabulary and Phrases
  •  (6) English for Presentations and Meeting
  •  (7) Building Fluency in Workplace English
  •  (8) English for Common Workplace Scenarios

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - သက်ဆိုင်ရာ Band အလိုက်စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်သည်။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • အင်္ဂလိပ်လိုသွက်လက်စွာပြောဆိုဆက်ဆံမှုစွမ်းရည်မြှင့်တင်ပေးမည်။
  • လုပ်ငန်းခွင်တွင်အင်္ဂလိပ်လိုပြောင်မြောက်စွာရေးသားပြောဆိုခြင်းကိုအထောက်အပံ့ဖြစ်စေပါမည်။

(OFCT - 008) English Language Proficiency Course for Band 2

(OFCT - 008) English Language Proficiency Course for Band 2

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 008) English Language Proficiency Course for Band 2

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်ကြားပို့ချမည့်အကြောင်းအရာများ - 

  • (1) English for Effective Workplace Communication
  • (2) Writing Reports, Memos, and Proposals
  • (3) English for Negotiation and Conflict Resolution
  • (4) Networking and Socializing in English
  • (5) Delivering Presentations in English
  • (6) Cross-Cultural Communication Skills
  • (7) Leading Discussions and Meetings in English
  • (8) Refining Professional English for Supervisors

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - သက်ဆိုင်ရာ Band အလိုက်စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်သည်။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • အင်္ဂလိပ်လိုသွက်လက်စွာပြောဆိုဆက်ဆံမှုစွမ်းရည်မြှင့်တင်ပေးမည်။
  • လုပ်ငန်းခွင်တွင်အင်္ဂလိပ်လိုပြောင်မြောက်စွာရေးသားပြောဆိုခြင်းကိုအထောက်အပံ့ဖြစ်စေပါမည်။

(OFCT - 009) English Language Proficiency Course for Band 3

(OFCT - 009) English Language Proficiency Course for Band 3

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 009) English Language Proficiency Course for Band 3

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်ကြားပို့ချမည့်အကြောင်းအရာများ - 

  • (1) Mastering Business English Vocabulary
  • (2) Leadership and Management Communication
  • (3) Strategic Decision-Making in English
  • (4) Crafting & Delivering High-Stakes Presentations
  • (5) English for Professional Discussions
  • (6) English for Goal Setting and Growth
  • (7) Writing and Pitching Business Proposals
  • (8) English for Driving Organizational Success

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - သက်ဆိုင်ရာ Band အလိုက်စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်သည်။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • အင်္ဂလိပ်လိုသွက်လက်စွာပြောဆိုဆက်ဆံမှုစွမ်းရည်မြှင့်တင်ပေးမည်။
  • လုပ်ငန်းခွင်တွင်အင်္ဂလိပ်လိုပြောင်မြောက်စွာရေးသားပြောဆိုခြင်းကိုအထောက်အပံ့ဖြစ်စေပါမည်။

(OFCT - 011) Email Communication Strategies

(OFCT - 011) Email Communication Strategies

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 011) Email Communication Strategies

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) Email စနစ်၏ အခြေခံလုပ်ဆောင်ချက်များအကြောင်း
  • ၂) Microsoft Outlook ၏ အခြေခံဗဟုသုတများအကြောင်း
  • ၃) Mobile phones တွင် Outlook ကို ထည့်သွင်းနည်း
  • ၄) Email အသုံးပြုနည်း

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - နည်းပညာပိုင်းလုပ်ကိုင်ရသော(OU-1)များနှင့် နည်းပညာပိုင်းမဟုတ်သော(OU-1)များမှ Email အသုံးပြုအလုပ်လုပ်ကိုင်နေကြသောဝန်ထမ်းများ

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • Desktop နှင့် mobile devices များတွင် Microsoft Outlook ကို ထိရောက်စွာအသုံးပြုနည်းအပါအဝင် Email စနစ်၏ အခြေခံလုပ်ဆောင်ချက်များကိုကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်မည်။
  • Email Account များကို ယုံကြည်စိတ်ချစွာ စီမံခန့်ခွဲနိုင်ပြီး Outlook ကို အသုံးပြုကာချောမွေ့သောဆက်သွယ်မှုများလုပ်ဆောင်နိုင်မည်ဖြစ်သည်။

(OFCT - 012) Flawless Email Communication in English

(OFCT - 012) Flawless Email Communication in English

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 012) Flawless Email Communication in English

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • (၁) လုပ်ငန်းခွင်သုံး Email အသုံးပြု၍စာပို့ခြင်း နှင့် စာပြန်ခြင်းဆိုင်ရာအခြေခံအချက်များ။
  • (၂) Email တွင်အသုံးပြုသောစကားအသုံးအနှုန်း နှင့် ယဉ်ကျေးမှုဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များ။
  • (၃) Email အသုံးပြုရာတွင်လိုက်နာရမည့်ကျင့်ဝတ်များနှင့် မကြာခဏလုပ်မိတတ်သောအမှားများကိုရှောင်ရှားနည်းများ။
  • (၄) ခက်ခဲသော Email များကိုကိုင်တွယ်ဖြေရှင်းနည်းများ။

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • လုပ်ငန်းလုပ်ဆောင်ရာတွင် Email အသုံးပြုနေသော OU-1 အသီးသီးရှိ လက်ရှိတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် ဝန်ထမ်းအသစ်များ။
  • Email အသုံးပြုရာတွင်ဘာသာစကားဆိုင်ရာအခက်အခဲရှိသူဝန်ထမ်းများတက်ရောက်ခွင့်ရှိသည်။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ဝန်ထမ်းများ၏ ရှင်းလင်းပြီး ပရော်ဖက်ရှင်နယ်ကျသော အီးမေးလ်များ ရေးသားနိုင်စွမ်းကို မြှင့်တင်ပေးပါသည်။ သင့်တော်သော tone  နှင့် structure နှင့် etiquette တို့ဖြင့် နားလည်မှုလွဲမှားမှုနှင့် အမှားများကို လျှော့ချပေးသည်။

  • လုပ်ငန်းခွင်ဆိုင်ရာ ဆက်သွယ်ရေးအခြေအနေမျိုးစုံ (ယဉ်ကျေးမှုဆိုင်ရာခံစားမှုလိုအပ်သော သို့မဟုတ် စိန်ခေါ်မှုရှိသော အီးမေးလ်များအပါအဝင်) ကို စီမံဖြေရှင်းနိုင်သည့် ယုံကြည်မှုကို တည်ဆောက်ပေးသည်။

(OFCT - 014) FRONTiiR's Service Plan Product Knowledge Course

(OFCT - 014) FRONTiiR's Service Plan Product Knowledge Course

(၁) သင်တန်း Code နံပါတ် နှင့် သင်တန်းခေါင်းစဉ် - (OFCT - 014) FRONTiiR's Service Plan Product Knowledge Course

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) လေ့လာသင်ယူနိုင်သည့်အကြောင်းအရာများ -

  • ၁) Frontiir/ Myanmar Net ၏ ၀န်ဆောင်မှုများအကြောင်း
  • ၂) Network ချိတ်ဆက်မှုအ‌ခြေခံအဆောက်အဦနှင့်ဆောင်ရွက်ချက်များအကြောင်း
  • ၃) ၀န်ဆောင်မှုစျေးနှုန်းများနှင့် Package များအကြောင်း
  • ၄) ၀ယ်ယူသုံးစွဲသူများ၊ သုံးစွဲသူများကိုပံ့ပိုးမှုပေးခြင်းနှင့် ပြဿနာဖြေရှင်းနည်းများအကြောင်း
  • ၅) အပို၀န်ဆောင်မှုများနှင့် Value-Added ၀န်ဆောင်မှုများအကြောင်း

(၄) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဝန်ထမ်းအသစ်များ၊ စိတ်ပါဝင်စားသောဝန်ထမ်းများနှင့် လုပ်ငန်းဆက်နွယ်မှုရှိသော (OU-1) များမှဝန်ထမ်းများ။
  • Frontiir/Myanmar Net ၏ Service Plans များ၊ Products များအကြောင်းကိုသိရှိနားလည်ရန်လိုအပ်သောဝန်ထမ်းများ။
  • Customer Service team နှင့် Sales teams များမှ တက်ရောက်ရန်လိုအပ်သောဝန်ထမ်းများ။

(၅) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ၁။ ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုကောင်းမွန်လာခြင်းနှင့် ရောင်းအားစွမ်းရည် မြင့်တက်လာခြင်း - Frontiir/Myanmar Net ၏ ဝန်ဆောင်မှုများကို ကျွမ်းကျင်စွာ သိရှိနားလည်လာခြင်းဖြင့် ဝန်ထမ်းများသည် ဦးတည်ဖောက်သည်များကို ထိရောက်စွာ ရွေးချယ်သိရှိနိုင်ပြီး သင့်တော်သော အပိုဝန်ဆောင်မှုများကို အကြံပြုနိုင်သည်။ 
  • ၂။ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲဖြေရှင်းနိုင်မှုနှင့် ကွန်ရက်လုပ်ဆောင်မှု နားလည်မှု ပိုမိုတိုးတက်လာခြင်း - ကွန်ရက်အခြေခံအဆောက်အအုံနှင့် စွမ်းဆောင်ရည်တိုင်းတာမှုများကို နားလည်သဘောပေါက်လာခြင်းဖြင့် ဝန်ထမ်းများသည် ဝန်ဆောင်မှုဆိုင်ရာ အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းနိုင်ပါသည်။ 

(OFCT - 015) Making Meaningful Career Choices

(OFCT - 015) Making Meaningful Career Choices

(၁) သင်တန်းခေါင်းစဉ် - တစ်ဘဝစာအလုပ်တစ်ခုရွေးချယ်ခြင်းသင်တန်း (Making Meaningful Career Choices Course)

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်တန်း Code နံပါတ် - OFCT - 015

(၄) သင်တန်းဆရာ - ကိုထွန်းထွန်းမြင့် (Frontiir ၏ နည်းပညာအရာရှိချုပ်)

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) ကိုယ်ပိုင်တန်ဖိုးများနှင့်လုပ်ငန်းရည်မှန်းချက်များကိုက်ညီစေရေးလမ်းညွှန်ချက်
  • ၂) ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကိုထိထိရောက်ရောက်အသုံးချနည်း
  • ၃) ရေရှည်အောင်မြင်မှုဆီသို့ ဦးတည်သည့်ဆုံးဖြတ်ချက်များချမှတ်နည်း 

(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • (OU-1) အသီးသီးမှ ဝန်ထမ်းများအားလုံး

(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ဝန်ထမ်းများ၏အလုပ်အကိုင်‌ရွေးချယ်မှုလမ်းကြောင်းတွင်အောင်မြင်မှု၊ စိတ်ကျေနပ်မှုနှင့် အဓိပ္ပာယ်ရှိမှုရရှိစေရန်လှုံ့ဆော်ပေးသည့်စိတ်ဓာတ်မြှင့်တင်ရေးသင်ခန်းစာဖြစ်သည်။ 

(OFCT - 016) Priority and Time Management Course

(OFCT - 016) Priority and Time Management Course

(၁) သင်တန်းခေါင်းစဉ် - အလုပ်ကိုဦးစားပေးအစီအစဉ်ချမှတ်လုပ်ဆောင်ခြင်းနှင့်အချိန်စီမံခန့်ခွဲခြင်းသင်တန်း (Priority and Time Management Course)

(၂) သင်တန်းအမျိုးအစား - OU အားလုံးမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "ရုံးအဖွဲ့အစည်းပိုင်းဆိုင်ရာအခြေခံကျွမ်းကျင်မှုသင်တန်းအမျိုးအစားး" (OFCT) Organizational Function Competency Trainings

(၃) သင်တန်း Code နံပါတ် - OFCT - 016

(၄) သင်တန်းဆရာ - ကို‌ကျော်မင်းထွန်း

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) အချိန်စီမံခန့်ခွဲမှုနှင့် အလုပ်ကိုဦးစားပေးအစီအစဉ်ချမှတ်လုပ်ဆောင်ခြင်း ၏အခြေခံသဘောတရား။
  • ၂) အချိန်စီမံခန့်ခွဲမှုနည်းစနစ်အမျိုးမျိုးအကြောင်း (Eisenhower ၏နည်းစနစ်/ ABCDE နည်းစနစ်/ Ivy Lee နည်းစနစ်/...)။
  • ၃) အလုပ်ကိုဦးစားပေးအစီအစဉ်ချမှတ်လုပ်ဆောင်ခြင်းမဟာဗျူဟာများနှင့် အချိန်ဖြုန်းတီးမှုကို ရှောင်ရှားနည်းများ။
  • ၄) SMART ရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ခြင်း။

(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • OU-1 အသီးသီးရှိ လုပ်ငန်းစွမ်းဆောင်ရည်နှင့် အချိန်အသုံးချမှု မြှင့်တင်လိုသောဝန်ထမ်းများ။
  • OU-1 အသီးသီးရှိ အဖွဲ့၏အလုပ်တာဝန်ခွဲဝေမှုကို ဦးဆောင်ရသော မန်နေဂျာနှင့် အဖွဲ့ခေါင်းဆောင်များ။
  • ဖင့်‌နှေးရွှေ့ဆိုင်းအချိန်ဆွဲတတ်သူများနှင့် အချိန်ဖြုန်းတီးမှုပြဿနာရှိသူများ။

(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • အချိန်စီမံခန့်ခွဲမှုနည်းလမ်းများ အသုံးချ၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်မည်။
  • အရေးကြီးမှုနှင့် အရေးတကြီးလိုအပ်မှုအလိုက် အလုပ်များကိုဦးစားပေးအစီအစဉ်ချမှတ်လုပ်ဆောင်နိုင်မည်။
  • အချိန်ဖြုန်းတီးစေသော အလေ့အထများ ကို ဖော်ထုတ်၍ လျှော့ချနိုင်မည်။
  • SMART ရည်မှန်းချက်ပန်းတိုင်များချမှတ်ကာ ပိုမိုထိရောက်စွာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။

(OFCT - 018) Leading and Deciding 2023
Tun Aung

(OFCT - 018) Leading and Deciding 2023

The purpose of this course is to train middle level managers to adopt PILED (Passion, Integrity, Logic, Empathy, and Delayed Gratification) to transform themselves to be effective leaders with the key leaders’ skills in effective communication, team, teamwork, and scientific approached problem solving and decision making.

(CFCT - 001) Customer Service - Call Handling
Myo Min Ko

(CFCT - 001) Customer Service - Call Handling

ဤသင်တန်းကိုလတ်တလောလေ့လာသင်ယူမှုမပြုနိုင်ပါ။

This course is currently not available.

(CFCT - 002) Customer Care Quality Assurance

(CFCT - 002) Customer Care Quality Assurance

ဤသင်တန်းသည်ဖြေဆိုရန်မေးခွန်းများမပါရှိသော Reference-only Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာ - ကိုတင်ကိုကိုဝင်း 

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - 

၁) ဆရာသင်ကြားသောဗီဒီယိုဖိုင် 

၂) သင်ခန်းစာဖိုင်

This course does not include tests, quizzes, or assignments — It is classified as s Reference-only Course.

Trainer: - Ko Tin Ko Ko Win
Course Resources: - 

1) Instructors' Lecturer Video 

2) Lecture Notes

(CFCT - 003) Customer Communication and Complaint Handling Course

(CFCT - 003) Customer Communication and Complaint Handling Course

(၁) သင်တန်းခေါင်းစဉ် - ဖောက်သည်များနှင့်ပြောဆိုဆက်ဆံခြင်း နှင့် မကျေမနပ်တိုင်တန်းမှုများကိုကိုင်တွယ်ဖြေရှင်းခြင်း (Customer Communication and Complaint Handling Course)

(၂) သင်တန်းအမျိုးအစား - အခြား OU များဝန်ထမ်းများနှင့်သက်ဆိုင်သည့် "လုပ်ငန်းလည်ပတ်မှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းအမျိုးအစား။" (CFCT) Corporate Function Competency Trainings 

(၃) သင်တန်း Code နံပါတ် - CFCT - 003

(၄) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) တာဝန်ယူမှုနှင့် ပူးပေါင်းလုပ်ဆောင်မှု။
  • ၂) ဖောက်သည်များကိုထိတွေ့ဝန်ဆောင်မှုပေးခြင်း၏ အဓိပ္ပာယ်နှင့် အရေးပါမှု။
  • ၃) ဖောက်သည်များနှင့် ထိရောက်စွာ ပြောဆိုဆက်ဆံနည်းများ။
  • ၄) မကျေမနပ်တိုင်တန်းမှုများကိုစနစ်တကျကိုင်တွယ်ဖြေရှင်းခြင်း။
  • ၅) နည်းပညာဝန်ဆောင်မှုပေးခြင်း နှင့် ဖောက်သည်များကိုထိတွေ့ဝန်ဆောင်မှုပေးခြင်း ၏ ကွာခြားချက်များ။


(၅) သင်တန်းဆရာ - မနွယ်နီဦး
 
(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဤသင်တန်းကို နည်းပညာဆိုင်ရာ(OU-1)များနှင့် အခြား(OU-1) များမှ ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် ဝန်ဆောင်မှုနှင့်အထောက်အပံ့ပေးရာတွင်အကြိုးပြုရန်ရည်ရွယ်ပါသည်။
  • ဤသင်တန်းသည် ဖောက်သည်များနှင့်စကားပြောဆိုဆက်ဆံရသော၊ ဖောက်သည်များ၏ပြဿနာများကိုထိရောက်စွာဖြေရှင်းပေးရသော၊ ဝန်ဆောင်မှုအရည်အသွေးထိန်းသိမ်းခြင်းကိုဆောင်ရွက်ရသော ရှေ့တန်းဆက်သွယ်ရေးတာဝန်ယူနေရသည့်ဝန်ထမ်းများအတွက်အထူးအသုံးဝင်ပါသည်။

 
(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ပြောဆိုဆက်ဆံမှုစွမ်းရည်နှင့် ဝန်ဆောင်မှုစိတ်ထား တိုးတက်လာခြင်း - ဖောက်သည်များ၏လိုအပ်ချက်ကို ဦးစားပေးသောပြောဆိုဆက်ဆံမှုနည်းလမ်းများနှင့် ထိရောက်သည့် ဝန်ဆောင်မှုအခြေခံမူများကို နားလည်လာပြီး ဖောက်သည်များ၏ ယုံကြည်မှုနှင့် ကျေနပ်မှုကို မြှင့်တင်နိုင်မည်။
  • ပူးပေါင်းလုပ်ဆောင်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း ပိုမိုအားကောင်းလာခြင်း - တာဝန်ယူမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုကို မြှင့်တင်ကာ မကျေမနပ်တိုင်တန်းမှုများကို စနစ်တကျကိုင်တွယ်ဖြေရှင်းနည်းများနှင့် ဖောက်သည်ဝန်ဆောင်မှုအခန်းကဏ္ဍများကို သိရှိလာပြီး ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းနိုင်မည်။ 

(CFCT - 004) Basic Sales Techniques and Customer Handling
Lwin Lwin

(CFCT - 004) Basic Sales Techniques and Customer Handling

ဤသင်တန်းကိုလတ်တလောလေ့လာသင်ယူမှုမပြုနိုင်ပါ။

This course is currently not available.

(CFCT - 005) Marketing Fundamentals
Nan Kay Thi Zaw Mg

(CFCT - 005) Marketing Fundamentals

ဤသင်တန်းသည်သင်ယူတတ်မြောက်မှုကိုအမှတ်ပေးအကဲဖြတ်ရန်အတွက်ဖြေဆိုရမည့်မေးခွန်းများပါရှိသော Assessed Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာမ - မနန်းကေသီဇော်မောင်

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - 

၁) ဖတ်ရှုလေ့လာရမည့်သင်ခန်းစာနှစ်ခု

၂) ဖြေဆိုရမည့်မေးခွန်းတစ်စုံ 

 

This course includes tests, quizzes, or assignments to assess learning — it is classified as an Assessed Course..

Trainer: - Ma  Nan Kay Thi Zaw Maung

Course Resources: 

1) Teaching notes two sets

2) Quiz to answer

(CFCT - 006) Creative Branding Essential
ThuThu HanTin Htun NaingNyan Wunna

(CFCT - 006) Creative Branding Essential

ဤသင်တန်းသည်သင်ယူတတ်မြောက်မှုကိုအမှတ်ပေးအကဲဖြတ်ရန်အတွက်ဖြေဆိုရမည့်မေးခွန်းများပါရှိသော Assessed Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာမ - မသူသူဟန်

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - 

၁) ဆရာသင်ကြားသောဗီဒီယိုတစ်ခု

၂) ဖတ်ရှုလေ့လာရမည့်သင်ခန်းစာတစ်ခု

၃) ဖြေဆိုရမည့်မေးခွန်းတစ်စုံ 

 

This course includes tests, quizzes, or assignments to assess learning — it is classified as an Assessed Course..

Trainer: - Ma Thu Thu Han
Course Resources: 

1) Instructors' Lecturer Video 

2) Teaching notes 

3) Quiz to answer

(CFCT - 008) Project Risk Management

(CFCT - 008) Project Risk Management

(၁) သင်တန်းခေါင်းစဉ် - လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်သောစိန်ခေါ်မှုအခက်အခဲများကိုစီမံခန့်ခွဲခြင်းသင်တန်း (Project Risk Management Course)

(၂) သင်တန်းအမျိုးအစား - အခြား OU များဝန်ထမ်းများနှင့်သက်ဆိုင်သည့် "လုပ်ငန်းလည်ပတ်မှုဆိုင်ရာကျွမ်းကျင်မှုသင်တန်းအမျိုးအစား။" (CFCT) Corporate Function Competency Trainings 

(၃) သင်တန်း Code နံပါတ် - CFCT - 008

(၄) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • Project Management Fundamentals (Project Management အခြေခံသဘောတရားများ)
  • Project Scheduling (Project အချိန်ဇယားဆွဲခြင်းနည်းလမ်းများ)
  • Project Resource Assignment (Project အလိုက်အရင်းအမြစ်များချမှတ်ခြင်း)
  • Resource Leveling (အရင်းအမြစ်များကို မျှတစွာ ချိန်ညှိသုံးစွဲခြင်း)
  • Techniques to Reduce Project Duration (Project ကြာချိန်ကို လျှော့ချနိုင်စေသောနည်းလမ်းများ)
  • Cost and Time Estimation (ကုန်ကျစရိတ်နှင့်အချိန် ခန့်မှန်းခြင်းနည်းလမ်းများ)
  • Project Risk Management (across the project life cycle) (Project ၏ကာလအတွင်းစိန်ခေါ်မှုအခက်အခဲများကိုစီမံခန့်ခွဲခြင်း)

(၅) သင်တန်းဆရာ - ကိုထွန်းထွန်းအောင်

(TFCT - 001) Network Fundamentals for ISP Course

(TFCT - 001) Network Fundamentals for ISP Course

(၁) သင်တန်းခေါင်းစဉ် - ISP လုပ်ငန်း၏ Network အခြေခံသဘောတရားများ (Network Fundamentals for ISP Course)

(၂) သင်တန်းအမျိုးအစား - အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစားများ" (TFCT) Corporate Function Competency Trainings

(၃) သင်တန်း Code နံပါတ် - TFCT - 001

(၄) သင်ကြားပို့ချသည့်အကြောင်းအရာများ -
Module (1) - Internetwork မိတ်ဆက်

  • အင်တာနက် Backbone မည်သို့အလုပ်လုပ်သနည်း။
  • ISP ဆိုသည်မှာ အဘယ်နည်း။
  • အင်တာနက် ချိတ်ဆက်မှု Model
  • IP Address နှင့် AS Number

Module (2) - Network Architecture ၏ Layer (၃) ဆင့်

  • Access layer
  • Distribution layer
  • Core layer

 
(၅) သင်တန်းဆရာ - ကို‌တေဇာလင်း
 
(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • ဤသင်တန်းကို Network နှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ငန်းပတ်သက်ဆက်နွယ်လုပ်ဆောင်နေရသော OU-1s များမှ ဝန်ထမ်းများအတွက်ရည်ရွယ်ပါသည်။
  • ဤသင်တန်းသည် ISP လုပ်ငန်းနှင့် သက်ဆိုင်သော Network အခြေခံများကို နားလည်လိုသူများအတွက်အထူးအသုံးဝင်ပါသည်။

 
(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ISP လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ အခြေခံအသိပညာကို မြှင့်တင်ပေးခြင်းဖြင့် Network ဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ပံ့ပိုးနိုင်မည်။
  • ဝန်ထမ်းများအား Network Team များနှင့် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် နှင့် Infrastructure ဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများတွင် အထောက်အကူပြုစေမည်။

(TFCT - 006) Basic Electronics - Level 1
Johnathan Chen

(TFCT - 006) Basic Electronics - Level 1

ဤသင်တန်းတွင်အောက်ပါဘာသာရပ်များကိုသင်ကြားပို့ချထားသည်။

1) Electronics Components and Basic Concept

2) Usage of Electrical Measurement Tools

3) Safety Awareness

4) UPS Components Introduction

5) UPS Assembling

6) Power Structure

ဤသင်တန်းသည်ဖြေဆိုရန်မေးခွန်းများမပါရှိသော Reference-only Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာ - ကို Jonathan Chan

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - ဆရာသင်ကြားသောဗီဒီယိုဖိုင်

(TFCT - 009) WIFI and Radio Frequency Fundamentals

(TFCT - 009) WIFI and Radio Frequency Fundamentals

(၁) သင်တန်းခေါင်းစဉ် - WIFI နှင့် Radio Frequency အခြေခံသဘောတရားများသင်တန်း (WIFI and Radio Frequency Fundamentals Course)

(၂) သင်တန်းအမျိုးအစား - အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစား" (TFCT) Technical Function Competency Trainings

(၃) သင်တန်း Code နံပါတ် - TFCT - 009

(၄) သင်တန်းဆရာ - ကိုအောင်နိုင်မိုး

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) Data Communication ၏အခြေခံသဘောတရားများ
  • ၂) RF နှင့် Wireless တို့၏အခြေခံသဘောတရားများ
  • ၃) Antenna အမျိုးအစားများနှင့် Polarizations အကြောင်း 
  • ၄) WIFI Channels များအကြောင်း
  • ၅) OFDM အကြောင်း

 (၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • Data Communication နှင့် RF အကြောင်းစိတ်ဝင်စားသောဝန်ထမ်းများ။
  • လုပ်ငန်းပတ်သက်ဆက်နွယ်မှုရှိသော (OU-1) များမှဝန်ထမ်းများ။

(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ဒေတာဆက်သွယ်မှုနှင့် ကြိုးမဲ့နည်းပညာအခြေခံအကြောင်းအရာများကို နားလည်သိရှိမှုတိုးမြှင့်ကာ၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေသည်။
    • အင်တင်နာအမျိုးအစားများ၊ Polarization များနှင့် WiFi ချန်နယ်လုပ်ဆောင်မှုတို့အကြောင်း လက်တွေ့ကျကျ သိရှိမှုရှိစေရန်ကူညီပြီး ကြိုးမဲ့ကွန်ရက်များတွင် စနစ်တကျ စီမံနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်စေသည်။

(TFCT - 010) Basic Wireless Indoor

(TFCT - 010) Basic Wireless Indoor

(၁) သင်တန်းခေါင်းစဉ် - အဆောက်အအုံများအတွင်းတပ်ဆင်သော Wireless အခြေခံသဘောတရားများ

(၂) သင်တန်းအမျိုးအစား - TFCT (အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစား")

(၃) သင်တန်း Code နံပါတ် - TFCT - ၀၁၀

(၄) သင်တန်းဆရာ - ကို‌သူရဇော်

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) Wireless Network အကြောင်း
  • ၂) Frequency များအကြောင်း
  • ၃) Transmission Mode များအကြောင်း
  • ၄) Radio Frequency အခြေခံသဘောတရားများ (Absorption, Reflection, etc.)
  • ၅) LOSS in wireless
  • ၆) Wi-Fi အချက်ပြစနစ်၊ Channel စီစဉ်ခြင်း
  • ၇) Antenna အမျိုးအစားများ
  • ၈) PTP နှင့် PTMP အကြောင်း
  • ၉) Radio Frequency အခြေခံသဘောတရားများ (EIRP, RSSI, SNR and Noise Floor)
  • ၁၀) Co-channel and Adjacent Channel တို့၏ အ‌နှောင့်အယှက်များ
  • ၁၁) SISO နှင့် MIMO အကြောင်း
  • ၁၂) Keying Method (၃) မျိုးအကြောင်း

 (၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ - Wireless နည်းပညာကိုစိတ်ပါဝင်စားသောဝန်ထမ်းများနှင့် Wireless networking ဖြင့်ဆက်စပ်လုပ်ကိုင်နေသော (OU-1) များမှဝန်ထမ်းများ

(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ကြိုးမဲ့နည်းပညာ၏ အခြေခံသဘောတရားများကို ပိုမိုနားလည်စေပြီး၊ ဝန်ထမ်းများအား အချက်ပြလှိုင်းအပြုအမူကို ယုံကြည်စွာသိရှိနိုင်ခြင်း၊ Wi-Fi ချန်နယ်များ ထိရောက်စွာစီစဉ်နိုင်ခြင်း၊ နှင့် ချိတ်ဆက်မှုပြဿနာများကို ဖြေရှင်းနိုင်စွမ်း မြှင့်တင်ပေးပါသည်။
  • ဝန်ထမ်းများအား လက်တွေ့အသုံးချ RF အခြေခံအသိပညာ (ဥပမာ - EIRP၊ SNR၊ အနှောင့်အယှက်အမျိုးအစားများ) ပေးစွမ်းကာ အိမ်တွင်းကွန်ရက်စွမ်းဆောင်ရည် မြှင့်တင်နိုင်ခြင်း၊ ကြိုးမဲ့ဝန်ဆောင်မှု စိတ်ချရစွာ ပေးပို့နိုင်ရန် အထောက်အကူပြုပါသည်။

(TFCT - 011) Field Operations Infrastructure Course

(TFCT - 011) Field Operations Infrastructure Course

(၁) သင်တန်းခေါင်းစဉ် - Field Operations ၏ လုပ်ငန်းလည်ပတ်မှုစနစ်ဇယားများ

(၂) သင်တန်းအမျိုးအစား - အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစား" (TFCT) Technical Function Competency Trainings

(၃) သင်တန်း Code နံပါတ် - TFCT - 011

(၄) သင်တန်းဆရာ - ကို‌ထက်ဝေလင်း-၂

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) လက်တွေ့လုပ်ငန်းလည်ပတ်မှုအခြေခံစနစ်ဇယားများ။

  • ၂) Field-Ops Infra တွင် အသုံးပြုနေသော ကြိုးမဲ့စက်ပစ္စည်းများ။

  • ၃) ရေဒီယိုလှိုင်း အခြေခံသဘောတရားများ။

  • ၄) ကြိုးမဲ့ Backhaul link များ နှင့် Customer ချိတ်ဆက်မှုများ။

(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • Field Operations နှင့် Technical Teams များတွင်ပါဝင်ဆောင်ရွက်နေရသော (OU-1) များမှဝန်ထမ်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို စိတ်ပါဝင်စားသောဝန်းထမ်းများ။

 (၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • ကြိုးမဲ့အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းများ၊ နှင့် RF အခြေခံသဘောတရားများဆိုင်ရာ အခြေခံအသိပညာကို ခိုင်မာစေပြီး၊ လက်တွေ့လုပ်ငန်းဆောင်တာများ ထိရောက်စေရန် အထောက်အကူပြုပါသည်။ 

  • ဝန်ထမ်းများ၏ ကြိုးမဲ့ backhaul နှင့် Customer ချိတ်ဆက်မှု ကို ပိုမိုတိကျသော နည်းပညာနှင့် ထိရောက်သော လုပ်ငန်းစွမ်းဆောင်ရည်ဖြင့် ပံ့ပိုးနိုင်စွမ်း မြှင့်တင်ပေးသည်။

(TFCT - 012) Field Operations SbS Course

(TFCT - 012) Field Operations SbS Course

(၁) သင်တန်းခေါင်းစဉ် - Field Operations SBS ၏လုပ်ငန်းလည်ပတ်မှုအခြေခံစနစ်ဇယားများသင်တန်း (Field Operations SbS Course)

(၂) သင်တန်းအမျိုးအစား - အင်ဂျင်နီယာ OU များမှဝန်ထမ်းများနှင့်သက်ဆိုင်သည့် "နည်းပညာဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမျိုးအစား" (TFCT) Technical Function Competency Trainings

(၃) သင်တန်း Code နံပါတ် - TFCT - ၀၁၂

(၄) သင်တန်းဆရာ - ကို‌ဇော်လင်းအောင်

(၅) သင်ကြားပို့ချမည့်အကြောင်းအရာများ -

  • ၁) SBS ကွန်ရက်စနစ်
  • ၂) SBS တွင် အသုံးပြုနေသော Installation Materials များ
  • ၃) SBS တွင် အသုံးပြုနေသော Technical Devices များ
  • ၄) SBS ကွန်ရက်စနစ်အတွင်းရှိ Pole Type များ
  • ၅) SBS OSS (Operations Support System) 
  • ၆) SBS အတွက် သက်မှတ်ထားသောစည်းမျည်းစည်းကမ်းများ
  • ၇) SBS Power System 
  • ၈) SBS တွင်အသုံးပြုနေသော Power Devices များ

(၆) သင်တန်းကိုရည်ရွယ်တက်ရောက်စေလိုသူများ -

  • Field Operations နှင့် Technical Teams များတွင်ပါဝင်ဆောင်ရွက်နေရသော (OU-1) များမှဝန်ထမ်းများ။
  • SBS ကွန်ရက်စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများကို စိတ်ပါဝင်စားသောဝန်းထမ်းများ။

(၇) ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့်ကျွမ်းကျင်မှုများအတွက် သင်တန်းမှရရှိမည့်အကျိုးရလဒ်များ -

  • SbS အခြေခံအဆောက်အအုံ (ကွန်ရက်ဖွဲ့စည်းပုံ (network layout)၊ တပ်ဆင်ပစ္စည်းများ (installation materials)၊ စွမ်းအင်စနစ်များ (power systems)၊ နည်းပညာဆိုင်ရာကိရိယာများ (technical devices) အပါအဝင်) နှင့်ပတ်သက်သော လက်တွေ့လုပ်ငန်းအသိပညာကို တိုးတက်စေပြီး၊ တိကျထိရောက်သော လက်တွေ့အသုံးချမှုများ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုပါသည်။
  • စည်းမျဉ်းလိုက်နာမှု နှင့် OSS အသုံးပြုနည်း ဆိုင်ရာ အသိပညာကို မြှင့်တင်ပေးကာ၊ ဝန်ထမ်းများ၏ ဝန်ဆောင်မှုစံချိန်များထိန်းသိမ်းရန် နှင့် လုံခြုံစိတ်ချရပြီး စဉ်ဆက်မပြတ်ကွန်ရက်လုပ်ငန်းများ လည်ပတ်စေရန် စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးစေပါသည်။

Basic Networking Concepts (Network၏အခြေခံသဘောတရားများသင်တန်း။)

Basic Networking Concepts (Network၏အခြေခံသဘောတရားများသင်တန်း။)

ဤသင်တန်းတွင် ကွန်ပျူတာကွန်ယက်ချိတ်ဆက်မှု (Computer Networking) ၏ အခြေခံသဘောတရားများကို မိတ်ဆက်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပို့ချချက်များတွင် Network အမျိုးအစားများ၊ IP Address သတ်မှတ်ခြင်းအကြောင်း၊ Protocols များအကြောင်း၊ Routing အကြောင်း၊ Switching အကြောင်း နှင့် Troubleshooting ၏အခြေခံသဘောတရားများအကြောင်းပါဝင်သည်။ စတင်လေ့လာသူများအတွက် ရည်ရွယ်ထားပြီး ခေတ်မီ Network ၏အခြေအနေအရပ်ရပ်ကို နားလည်ပြီးအသုံးချနိုင်ရန်လိုအပ်သော အခြေခံအသိပညာများကိုပေးစွမ်းမည်ဖြစ်သည်။ ဤသင်တန်းသည်ဖြေဆိုရန်မေးခွန်းများမပါရှိသော Reference-only Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာ - ကိုရူးပ်နာရာယန်

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - ဆရာသင်ကြားသောဗီဒီယိုဖိုင် (အပိုင်း -၁) + (အပိုင်-၂)


This course equips Street-by-Street Operations personnel with foundational knowledge of power systems and essential electrical safety practices. Participants will gain practical understanding of electricity distribution, grounding, circuit protection, and safe handling of electrical equipment in the field. The training emphasizes hazard recognition, risk mitigation, and emergency response to ensure operational safety and compliance with company standards. This course does not include tests, quizzes, or assignments — It is classified as s Reference-only Course.

Trainer: - Ko Rup Narayan
Course Resources: - Instructors' Lecturer Video (Part-1) + (Part-2)

SbS Power System and Electrical Safety

SbS Power System and Electrical Safety


  • ဤသင်တန်းတွင် SbS လုပ်ငန်း‌ပိုင်း‌လုပ်ကိုင်နေသူများအားလျှပ်စစ်ဓာတ်အားစနစ်၏ အခြေခံသဘောတရားများ နှင့် အရေးကြီးသောလျှပ်စစ်ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများကိုသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း (Electricity distribution)အကြောင်း၊ မြေနှင့်ချိတ်ဆက်ခြင်း (Grounding) အကြောင်း၊ လျှပ်စီးပတ်လမ်းအကာအကွယ် (Circuit protection) အကြောင်း နှင့် လက်တွေ့လုပ်ကွင်းတွင် လျှပ်စစ်ပစ္စည်းများ ဘေးကင်းလုံခြုံစွာ ကိုင်တွယ်အသုံးပြုနည်းများကို လက်တွေ့နားလည်သဘောပေါက်မည်ဖြစ်သည်။ လုပ်ငန်းဘေးကင်းလုံခြုံမှုနှင့် ကုမ္ပဏီစံချိန် စံညွှန်းများအား သေချာစေလိုက်နာစေခြင်းအလို့ငှာ၊ အန္တရာယ်ကိုကောင်းစွာသိရှိခြင်း၊ အန္တရာယ်လျှော့ချခြင်းနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းတို့အား ဤသင်တန်းကအထူးအလေးထား သင်ကြားပေးသည်။ ဤသင်တန်းသည်ဖြေဆိုရန်မေးခွန်းများမပါရှိသော Reference-only Course သင်တန်းတစ်ခုဖြစ်သည်။
  • သင်တန်းဆရာမ - မသဉ္ဇာဟန်
  • ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - ဆရာမသင်ကြားသောဗီဒီယိုဖိုင် 

  • This course equips SbS Operations personnel with foundational knowledge of power systems and essential electrical safety practices. Participants will gain practical understanding of electricity distribution, grounding, circuit protection, and safe handling of electrical equipment in the field. The training emphasizes hazard recognition, risk mitigation, and emergency response to ensure operational safety and compliance with company standards. This course does not include tests, quizzes, or assignments — It is classified as s Reference-only Course.
  • Trainer: - Ma Thin Zar Han
  • Course Resources: - Instructors' Lecturer Video 

Basic Mathematics
Tun Aung

Basic Mathematics

ဤသင်တန်းကိုလတ်တလောလေ့လာသင်ယူမှုမပြုနိုင်ပါ။


This course is currently not available.


OHS Safety Training (လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးသင်တန်း။)

OHS Safety Training (လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးသင်တန်း။)

ဤသင်တန်းသည်ဖြေဆိုရန်မေးခွန်းများမပါရှိသော Reference-only Course သင်တန်းတစ်ခုဖြစ်သည်။

သင်တန်းဆရာမ - မပိုးမွန်မွန်ကျော် 

ပါဝင်သောသင်ကြားသင်ယူမှုအစိတ်အပိုင်များ - ဆရာမသင်ကြားသောဗီဒီယိုဖိုင် 


This course does not include tests, quizzes, or assignments — It is classified as s Reference-only Course.

Trainer: - Ma Poe Mon Mon Kyaw
Course Resources: - Instructors' Lecturer Video 

Google Earth Scheduling
Aung Htet Lin

Google Earth Scheduling

ဤသင်တန်းကိုလတ်တလောလေ့လာသင်ယူမှုမပြုနိုင်ပါ။


This course is currently not available.


Site announcements

(No announcements have been posted yet.)